Announcement

ကျောင်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။