Announcement

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကို ကနဦးအစ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ဒဂုံ) အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ယခုအခါတွင် အင်ဂျင်နီယာ နည်းပညာ ဘွဲ့သင်တန်းများ ဖွင့်လှစ် နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပါသည်။

မျှော်မှန်းချက်များ

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ လူငယ်၊ လူရွယ် များ အင်ဂျင်နီယာ နည်းပညာဘာသာ ရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်မီသော နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင် နီယာနည်းပညာ ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက် အကူပြုရန်...

ရည်မှန်းချက်

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်း ပြည့်မီသော အင်ဂျင်နီယာ နည်းပညာရှင်များကို ပြုစုပျိုးထောင်ပေးမည့် နိုင်ငံတကာ အသိ အမှတ်ပြု အဆင့်မြင့် အစိုးရနည်းပညာကောလိပ်တစ်ခု ဖြစ်လာစေရန်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော သင်တန်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)‌ကျောင်းသည် လက်ရှိတွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလတွင် Bachelor of Technology  ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်တွင် Engineering Technologist သင်တန်း(၃)မျိုးဖြင့် စတင်ဖွင့်လှစ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အရထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိသောဘာသာရပ် (၃)မျိုးမှာ (၁)Civil Engineering (၂) Electrical Power Engineering...