အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၌ AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း
ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီက အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၅)ကို ၈-၇-၂၀၂၅ ရက်နေ့ နေ့လည်(၁) နာရီ အချိန်တွင် Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဝင်းထွဋ်၊အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး...