အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။
နောက်ခံသမိုင်းကြောင်း
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကို ကနဦးအစ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ဒဂုံ) အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ယခုအခါတွင် အင်ဂျင်နီယာ နည်းပညာ ဘွဲ့သင်တန်းများ ဖွင့်လှစ် နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပါသည်။
မျှော်မှန်းချက်များ
တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ လူငယ်၊ လူရွယ် များ အင်ဂျင်နီယာ နည်းပညာဘာသာ ရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်မီသော နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင် နီယာနည်းပညာ ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက် အကူပြုရန်...