Announcement

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖွင့်လှစ်နိုင်ရေးအချက်အလက်များကောက်ယူနိုင်ရေးအတွက် စက်မှုဇုံသို့သွားရောက်ကြခြင်း

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၉-၄-၂၀၂၅) ရက်နေ့တွင်အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုံ(၅)ခုမှ စက်မှုဇုံဥက္ကဌနှင့်တာဝန်ရှိသူများ၊လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ School and Industry Partnership (SIP)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားနိုင်ရန်နှင့် စက်ရုံ၊အလုပ်ရုံများမှ လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်။ (၁၉.၅.၂၀၂၅ )ရက်နေ့တွင် ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ရတနာဂဟေဆက်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး...

TVET Teacher Skills ပြိုင်ပွဲတွင် Mechanical ဌာနမှ ဒေါ်ဇွန်ဖြူမှ ပထမဆုရရှိခဲ့ခြင်း

ပဉ္စမအကြိမ်မြောက် TVET Teacher Skills ပြိုင်ပွဲကို ၂၆-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ရက်နေ့ထိ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊Mechanical ဌာနမှ ဒေါ်ဇွန်ဖြူ၊ ကထိကသည် Auto cad ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည် ။ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ဆုချီးမြှင့်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းသားကျောင်းသူများ ICT အသုံးပြုစာသင်ကြားနေမှု မှတ်တမ်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား (၇-၂-၂၀၂၅)ရက်နေ့က အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းမင်းအောင် က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးမှုများအား Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

Knowledge Sharing ပြုလုပ်ပေးခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် B.Tech(Third Year) ကျောင်းသားကျောင်းသူများအား ဆရာဦးမြင့်ဦး၊B.E(Civil), 1987 Rangoon Institute of Technology ,PE(Construction),Project Management Consultant, PSM Project Management Consultancy မှ အင်ဂျင်နီယာဆိုင်ရာအတွေ့အကြုံများနှင့်အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ Knowledge Sharing ပြုလုပ်ပေးခြင်းအား ၁၆-၁၁-၂၀၂၄ ရက်နေ့...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ရှိ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအား Covid 19 ရောဂါ ကာကွယ်ဆေးများ လာရောကထိုးနှံပေးခြင်း

် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ရှိ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအား သိမ်ကျောင်းကျန်းမာရေးဌာန(တောင်ဒဂုံ)မှ (16.12.2024) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် Covid 19 ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ်သင်တန်းများအတွက် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားအား (၁၂ .၁၂.၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများမှ ဘာသာရပ်အလိုက် သင်ကြားရမည့်သင်ခန်းစာများအား Power Point များနှင့် မိတ်ဆက်ခဲ့ကြပါသည်။