Announcement

စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်နိုင်ရေးရှင်းလင်းဆွေးနွေးပွဲ

ရန်ကုန်တိုင်း​ဒေသကြီး/ဒဂုံမြို့သစ်ခရိုင်/ဒဂုံမြို့သစ်(​တောင်ပိုင်း) တွင်စတင်ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုး​မွေးမြူ​ရေးအထက်တန်း​ကျောင်း(စိုက်​မွေး)၌ ဖွင့်လှစ်သင်ကြား​ပေးမည့် စက်မှုဘာသာရပ်များ/သင်ကြားမှုအစီအစဥ်များ/​ထောက်ပံ့​ပေးအပ်မည့်အစီအစဥ်များနှင့် GTHS ​အောင်မြင်သူများအတွက် ဆက်လက်တက်​ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်း​ဆွေး​နွေးပွဲကို ဧပြီလ(၂၄)ရက်​​နေ့ ​နေလည်ပိုင်းတွင် အစိုးရနည်းပညာ​ကောလိပ်(​တောင်ဒဂုံ)၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီဌာန ပြည်​ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန/နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာ ​ဌေးသွင်မှ ရှင်းလင်း​ပြောကြားခဲ့ပြီး တက်​ရောက်လာသူများမှ  ​သိလိုသည်များ​မေးမြန်းချက်အ​ပေါ်  ညွှန်ကြား​ရေးမှူးချုပ်မှ...

ပထမနှစ်ဝက်စာမေးပွဲအချိန်စာရင်းထုတ်ပြန်ကြေငြာခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၏ B.Tech ပထမနှစ်သင်တန်း၊ပထမနှစ်ဝက် စာမေးပွဲ အချိန်စာရင်းအားထုတ်ပြန်ကြေငြာခြင်း

မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech ပထမနှစ် သင်တန်းသို့တက်ရောက်ပညာသသင်ကြားလျှက်ရှိသော ကျောင်းသား/သူများဦးဆောင်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောင်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။