Announcement

မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech ပထမနှစ် သင်တန်းသို့တက်ရောက်ပညာသသင်ကြားလျှက်ရှိသော ကျောင်းသား/သူများဦးဆောင်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကျောင်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော သင်တန်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)‌ကျောင်းသည် လက်ရှိတွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလတွင် Bachelor of Technology  ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်တွင် Engineering Technologist သင်တန်း(၃)မျိုးဖြင့် စတင်ဖွင့်လှစ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အရထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိသောဘာသာရပ် (၃)မျိုးမှာ (၁)Civil Engineering (၂) Electrical Power Engineering...