Announcement

ကျောင်းဆိုင်ရာအချက်အလက်များ

ကျောင်းဆိုင်ရာအချက်အလက်

နောက်ခံသမိုင်းကြောင်း အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကို ကနဦးအစ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ဒဂုံ) အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ယခုအခါတွင် အင်ဂျင်နီယာ နည်းပညာ ဘွဲ့သင်တန်းများ ဖွင့်လှစ် နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပါသည်။ တည်နေရာ ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်၊အမှတ်(၁၀၅)ရပ်ကွက်၊လှော်ကားလမ်းမကြီးနှင့် ကရုဏာလမ်းထောင့်တွင်တည်ရှိပါသည်။၊ အကျယ်အဝန်း ကျောင်း၏အကျယ်အဝန်းမှာ (၁၅.၄၄)ဧက ကျယ်ဝန်းပါသည်။ ကျောင်းအုပ်ကြီးမှ ဒေါက်တာသန်းထိုက် Ph.D(EC) ဖြစ်ပြီး ဒုတိယကျောင်းအုပ်ကြီးမှာ ဒေါက်တာသန္တာအောင် Ph.D(IT)ဖြစ်သည်။
ရည်မှန်းချက် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အရည်အချင်း ပြည့်မီသော အင်ဂျင်နီယာ နည်းပညာရှင်များကို ပြုစုပျိုးထောင်ပေးမည့် နိုင်ငံတကာအသိ အမှတ်ပြု အဆင့်မြင့် အစိုးရနည်းပညာကောလိပ်တစ်ခု ဖြစ်လာစေရန်။
မျှော်မှန်းချက် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ လူငယ်၊ လူရွယ် များ အင်ဂျင်နီယာ နည်းပညာဘာသာ ရပ်များ လေ့လာသင်ကြားခွင့် ရရှိစေရန်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်မီသော နိုင်ငံတကာအသိအမှတ်ပြု အင်ဂျင် နီယာနည်းပညာ ပညာရှင်များကို ပြုစုပျိုးထောင်ပေးရန်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက် အကူပြုရန်လိုက်လျောညီထွေရှိသော သင်ယူမှုလမ်းကြောင်းများနှင့် လူငယ်များအတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးပေးရန်
စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သည့်ကာလ
ဒေါက်တာသန်းထိုက်Ph.D (EC)၂၀၂၁ ခုနှစ်မှ ယနေ့ထိ