Announcement

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖွင့်လှစ်နိုင်ရေးအချက်အလက်များကောက်ယူနိုင်ရေးအတွက် စက်မှုဇုံသို့သွားရောက်ကြခြင်း

0 0

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၉-၄-၂၀၂၅) ရက်နေ့တွင်အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုံ(၅)ခုမှ စက်မှုဇုံဥက္ကဌနှင့်တာဝန်ရှိသူများ၊လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ School and Industry Partnership (SIP)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားနိုင်ရန်နှင့် စက်ရုံ၊အလုပ်ရုံများမှ လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်။ (၁၉.၅.၂၀၂၅ )ရက်နေ့တွင် ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ရတနာဂဟေဆက်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး နှင့်ဌာနမှူးများသည် အမှတ်(၂)စက်မှုဇုံ သို့ သွားရောက်၍ စက်ရုံ၊အလုပ်ရုံ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး School and Industry Partnership (SIP)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံ၊အလုပ်ရုံများမှ လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး စက်ရုံ၊အလုပ်ရုံ ကုမ္ပဏီလုပ်ငန်းရှင်များထံမှ ဒေတာအချက်အလက်များကောက်ယူရန်အတွက် Survey Form များဖြင့်ဆောင်ရွက်ခဲ့ကြပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်