Announcement

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်ပါဝင်သော အစိုးရနည်းပညာ ကောလိပ် များအတွက် ဝင်ခွင့် သတ်မှတ်ချက်များ

0 0

(၁၅)   အစိုးရနည်းပညာကောလိပ်များ

          (က) ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။

          (ခ)  အစိုးရနည်းပညာကောလိပ်များသို့                   ဝင်ခွင့်လျှောက်ထားလိုသူများသည်

                  အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံရမည်။

                (၁) ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)/(ပြု)/(ဧည့်)

                      ကိုင်ဆောင်ထားသူဖြစ်ရမည်။

                (၂) ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ ဘာသာရပ်များ

 ပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက်    ကိုက်ညီပါက လျှောက်ထားနိုင်သည်။

                (၃) ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းများနှင့် စက်ရုံ၊အလုပ်ရုံ၊ ကုမ္ပဏီများ             သို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဂ)     သင်တန်းကာလမှာ (၄)နှစ်ဖြစ်ပြီး သင်တန်းကာလ ပြီးစီးအောင်မြင်သည့် အခါ  B.Tech ဘွဲ့ကို တိုက်ရိုက်အပ်နှင်း ချီးမြှင့်မည်ဖြစ်သည်။

(ဃ)    အစိုးရနည်းပညာကောလိပ်များတွင် အောက်ဖော်ပြပါဘွဲ့သင်တန်းများ   ဖွင့်လှစ်ပို့ချ မည်ဖြစ်ပါသည်။

စဉ် အထူးပြုဘာသာ အပ်နှင်းမည့်ဘွဲ့ လက်ခံမည့် ဦးရေ
၁။ Civil Engineering (မြို့ပြအင်ဂျင်နီယာ) နည်းပညာဘွဲ့(မြို့ပြ) B.Tech (Civil)     ၂၀
၂။ Mechanical Engineering (စက်မှုအင်ဂျင်နီယာ) နည်းပညာဘွဲ့(စက်မှု) B.Tech (Mechanical)     ၂၀
၃။ Electrical Power Engineering (လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ) နည်းပညာဘွဲ့(လျှပ်စစ် စွမ်းအား) B.Tech (Electricl Power)      ၂၀

(င)     အစိုးရနည်းပညာကောလိပ်များသို့  လျှောက်ထားလာသူများအနက် ကောလိပ် အလိုက် လက်ခံနိုင်မည့်လူဦးရေ သတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ပေါ် မူတည်၍  ရမှတ်အနည်းအများအလိုက် ရွေးချယ်သွားမည်။ သင်ကြားခွင့်ပြုမည့် ဦးစားပေး အထူးပြုဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ၏ တက္ကသိုလ်ဝင်စာမေးပွဲ တွင် (အင်္ဂလိပ်စာ၊သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) (၄)ဘာသာပေါင်းရမှတ် (လိုအပ်ပါက တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ်)နှင့် ကျောင်းသား၊ ကျောင်းသူ၏ ဦးစားပေးလျှောက်ထားမှုနှင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အတွက် ကျောင်းသား ကျောင်းသူလက်ခံနိုင်မှုဦးရေ ကန့်သတ်ချက်အပေါ်တွင် မူတည်၍ ခွဲဝေသတ်မှတ်ပေး မည်။

(စ)     အစိုးရနည်းပညာကောလိပ်များတွင် B.Tech ဘွဲ့ရရှိပြီး အဆင့်မီပါက သတ်မှတ်ထား သော နည်းပညာတက္ကသိုလ်များတွင်  M.Tech ဘွဲ့အား ဆက်လက်တက်ရောက် ခွင့်ရှိပါသည်။

(ဆ)    အစိုးရနည်းပညာကောလိပ်များအလိုက်  ပေးအပ်မည့် ဘာသာရပ်များနှင့် ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် တက္ကသိုလ်/ကောလိပ် အပ်နှင်းသောဘွဲ့ သင်တန်း ကာလ
၁။ အစိုးရနည်းပညာကောလိပ် (ရွှေဘို) B.Tech(Civil,EP, Mech) (၄)နှစ်
၂။ အစိုးရနည်းပညာကောလိပ် (မန္တလေး) B.Tech(Civil,EP, Mech) (၄)နှစ်
၃။ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ) B.Tech(Civil,EP, Mech) (၄)နှစ်
၄။ အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) B.Tech(Civil,EP, Mech) (၄)နှစ်

(ဇ)     အသေးစိတ်သိရှိလိုပါက    အစိုးရနည်းပညာကောလိပ်(ရွှေဘို)၊        ကျောင်းအုပ်ကြီး၊

၀၉-၂၅၄၃၄၈၈၉၆ သို့လည်းကောင်း၊ အစိုးရနည်းပညာကောလိပ်(မန္တလေး)၊ ကျောင်းအုပ်ကြီး၊ ၀၉-၇၇၆၆၈၀၂၃၈ သို့လည်းကောင်း၊ အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)၊ ကျောင်းအုပ်ကြီး၊၀၉-၄၃၀၇၁၈၂၆ သို့လည်းကောင်း၊ အစိုးရနည်းပညာ ကောလိပ်(တောင်ဒဂုံ)ကျောင်းအုပ်ကြီး၊၀၉-၆၆၁၈၀၉၃၁၀ သို့လည်းကောင်း ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်