Announcement

စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်နိုင်ရေးရှင်းလင်းဆွေးနွေးပွဲ

2 0

ရန်ကုန်တိုင်း​ဒေသကြီး/ဒဂုံမြို့သစ်ခရိုင်/ဒဂုံမြို့သစ်(​တောင်ပိုင်း) တွင်စတင်ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုး​မွေးမြူ​ရေးအထက်တန်း​ကျောင်း(စိုက်​မွေး)၌ ဖွင့်လှစ်သင်ကြား​ပေးမည့် စက်မှုဘာသာရပ်များ/သင်ကြားမှုအစီအစဥ်များ/​ထောက်ပံ့​ပေးအပ်မည့်အစီအစဥ်များနှင့် GTHS ​အောင်မြင်သူများအတွက် ဆက်လက်တက်​ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်း​ဆွေး​နွေးပွဲကို ဧပြီလ(၂၄)ရက်​​နေ့ ​နေလည်ပိုင်းတွင် အစိုးရနည်းပညာ​ကောလိပ်(​တောင်ဒဂုံ)၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီဌာန ပြည်​ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန/နည်းပညာ၊သက်​မွေးပညာနှင့်​လေ့ကျင့်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ​ဒေါက်တာ ​ဌေးသွင်မှ ရှင်းလင်း​ပြောကြားခဲ့ပြီး တက်​ရောက်လာသူများမှ  ​သိလိုသည်များ​မေးမြန်းချက်အ​ပေါ်  ညွှန်ကြား​ရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်း​ပြောကြားခဲ့ပါသည်။ အဆိုပါ ရှင်းလင်း​ဆွေး​နွေးပွဲသို့ ခရိုင်/မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာ​ရေးမှူးများ/​ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊​ကျောင်း​ကော်မတီ၀င်များနှင့်​ကျောင်းသား/သူများ တက်​ရောက်ခဲ့ကြ​​ကြောင်းသိရှိရပါသည်။ 
  ထို့​နောက် ညွှန်ကြား​ရေးမှူးချုပ် ဦး​ဆောင်​သော ဌာနဆိုင်ရာတာ၀န်ရှိသူများသည် စက်မှုစိုက်ပျိုး​မွေးမြူ​ရေးအထက်တန်း​ကျောင်း(စိုက်​မွေး)​ကျောင်းသို့ သွား​ရောက်ကြည့်ခဲ့​ကြကြောင်း သတင်းရရှိပါသည်။–

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်