Announcement

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော သင်တန်းများ

3 1

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)‌ကျောင်းသည် လက်ရှိတွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလတွင် Bachelor of Technology  ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်တွင် Engineering Technologist သင်တန်း(၃)မျိုးဖြင့် စတင်ဖွင့်လှစ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အရထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိသောဘာသာရပ် (၃)မျိုးမှာ (၁)Civil Engineering (၂) Electrical Power Engineering (၃) Mechanical Engineering ဘာသာရပ်များကိုစတင်ဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဖွင့်လှစ်ရန်လျာထားသည့် B.Tech Program သည် Sdyney Accord အရ စံသတ်မှတ်ချက်ဖြစ်သည့် အနည်းဆုံးလိုအပ်ချက် Credit Point (၁၄၀)အထက် ပြည့်မီကျော်လွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ‌‌ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊အလုပ်ရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် နည်းပညာဘွဲ့ရ (Technologist) များမွေးထုတ်ပေးနိုင်ရေးအတွက် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) မှ စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Happy
Happy
71 %
Sad
Sad
0 %
Excited
Excited
14 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
14 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်