သင်ထောက်ကူပစ္စည်းများအသုံးပြုနိုင်ရန် Training များပေးခြင်း ဇူလိုင် 1, 2024ဇူလိုင် 1, 2024 Human Resources Development (HR) သင်တန်းများ ဆရာဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် ကုမ္ပဏီများမှ လာရောက်၍ သင်ကြားပေးခဲ့ပါသည်။
Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်လေ့လာခြင်း မတ် 23, 2024ဇူလိုင် 9, 2024 Photo News နောက်ဆုံးရသတင်းများ လှုပ်ရှားမှုများ Electric Vehicle ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်း ရှင်းရေးအသိပညာပေးနှင့်နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ၂၀-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီးတို့နှင့်အတူ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး လေ့လာခဲ့ကြပါသည်။
ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာ ရယူရန် အောက်တိုဘာ 9, 2023အောက်တိုဘာ 9, 2023 ကြေငြာချက်များ နောက်ဆုံးရသတင်းများ Stipend-1_compressedDownload
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech (ပထမနှစ်)၊ ဒုတိယနှစ်ဝက်(Final Exam ) စာမေးပွဲအချိန်ဇယားထုတ် ပြန်ကြေငြာခြင်း စက်တင်ဘာ 27, 2023အောက်တိုဘာ 9, 2023 ကြေငြာချက်များ
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်ပါဝင်သော အစိုးရနည်းပညာ ကောလိပ် များအတွက် ဝင်ခွင့် သတ်မှတ်ချက်များ စက်တင်ဘာ 7, 2023စက်တင်ဘာ 7, 2023 ကြေငြာချက်များ (၁၅) အစိုးရနည်းပညာကောလိပ်များ (က) ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။ (ခ) အစိုးရနည်းပညာကောလိပ်များသို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံရမည်။ (၁) ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)/(ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။ ...
စာရေးဆရာဦးတင်စိုး(နီတိအတွေး) သည် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ) တွင် ပြည်သူ့နီတိဆိုင်ရာ အသိပညာပေး ဟောပြောခြင်း စက်တင်ဘာ 5, 2023စက်တင်ဘာ 5, 2023 Photo News ခေါင်းကြီးပိုင်းသတင်းများ နောက်ဆုံးရသတင်းများ စာရေးဆရာဦးတင်စိုး(နီတိအတွေး)သည် ၁.၉.၂၀၂၃ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)တွင် ပြည်သူ့နီတိဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့ ဒုတိယကျောင်းအုပ်ကြီး၊ဌာနမှူးများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ဟောပြောပွဲအပြီးတွင် ဆရာကြီးက ကျောင်းသားကျောင်းသူများ နှင့် ပြန်လည်ဆွေးနွေးပြီး ကျောင်းသားကျောင်းသူများမှသိလိုသည်များမေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)သို့ လာရောက်ကြည့်ရှု စစ်ဆေး ဩဂုတ် 29, 2023စက်တင်ဘာ 5, 2023 Photo News ခေါင်းကြီးပိုင်းသတင်းများ နောက်ဆုံးရသတင်းများ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် ၂၇.၈.၂၀၂၃ ရက်နေ့ တွင် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ)သို့ လာရောက်၍ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ပါသည်။ ဒုတိယဝန်ကြီးအား အစည်းအဝေးခန်းမတွင် ကျောင်းအုပ် ကြီးမှ ကျောင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် ဒုတိယ ဝန်ကြီးသည် ကျောင်းစာကြည့်တိုက်၊အလုပ်ရုံများနှင့် ကျောင်းသား/ကျောင်းသူ အဆောင်များ အားလှည့်လည်ကြည့်ရှုခဲ့ပြီး အဆောင်နေကျောင်းသားကျောင်းသူများနှင့်တွေ့ ဆုံခဲ့ပါသည်။
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ပထမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပခြင်း ဩဂုတ် 2, 2023ဩဂုတ် 21, 2023 Photo News ခေါင်းကြီးပိုင်းသတင်းများ နောက်ဆုံးရသတင်းများ လှုပ်ရှားမှုများ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မိသားစု၏ ပထမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲ ကို ၂၈.၇.၂၀၂၃ ရက်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ဆရာဆရာမများ၊ ရုံးအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြသည်။ သံဃာတော်(၅)ပါးပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်ပြီး အလှူရှင်များက ဝါဆိုသင်္ကန်း များ ဆက်ကပ်လှူဒါန်းခဲကြပါသည်။ ကျောင်းရှိ ဝန်ထမ်းများ၊ ဆရာဆရာမများနှင့်...
World Youth Skills Day Project ပြိုင်ပွဲတွင် ပထမဆုကို Mechanical မှ ရရှိခဲ့ ဇူလိုင် 27, 2023ဩဂုတ် 21, 2023 Photo News ခေါင်းကြီးပိုင်းသတင်းများ နောက်ဆုံးရသတင်းများ World Youth Skills Day Project ပြိုင်ပွဲကို နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ၂၄.၇.၂၀၂၃ ရက်နေ့မှ ၂၆.၇.၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ Design and Fabrication of Scroll Saw Machine ခေါင်းစဉ်ဖြင့် Mechanical ဘာသာရပ် မှ...