Announcement

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)သို့ လာရောက်ကြည့်ရှု စစ်ဆေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် ၂၇.၈.၂၀၂၃ ရက်နေ့ တွင် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ)သို့ လာရောက်၍ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ပါသည်။ ဒုတိယဝန်ကြီးအား အစည်းအဝေးခန်းမတွင် ကျောင်းအုပ် ကြီးမှ ကျောင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် ဒုတိယ ဝန်ကြီးသည် ကျောင်းစာကြည့်တိုက်၊အလုပ်ရုံများနှင့် ကျောင်းသား/ကျောင်းသူ အဆောင်များ အားလှည့်လည်ကြည့်ရှုခဲ့ပြီး အဆောင်နေကျောင်းသားကျောင်းသူများနှင့်တွေ့ ဆုံခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ပထမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မိသားစု၏ ပထမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲ ကို ၂၈.၇.၂၀၂၃ ရက်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ဆရာဆရာမများ၊ ရုံးအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြသည်။ သံဃာတော်(၅)ပါးပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်ပြီး အလှူရှင်များက ဝါဆိုသင်္ကန်း များ ဆက်ကပ်လှူဒါန်းခဲကြပါသည်။ ကျောင်းရှိ ဝန်ထမ်းများ၊ ဆရာဆရာမများနှင့်...