Announcement

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်ပါဝင်သော အစိုးရနည်းပညာ ကောလိပ် များအတွက် ဝင်ခွင့် သတ်မှတ်ချက်များ

(၁၅)   အစိုးရနည်းပညာကောလိပ်များ           (က) ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူဖြစ်ရမည်။           (ခ)  အစိုးရနည်းပညာကောလိပ်များသို့                   ဝင်ခွင့်လျှောက်ထားလိုသူများသည်                   အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံရမည်။                 (၁) ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(နိုင်)/(ပြု)/(ဧည့်)                       ကိုင်ဆောင်ထားသူဖြစ်ရမည်။          ...

စာရေးဆရာဦးတင်စိုး(နီတိအတွေး) သည် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ) တွင် ပြည်သူ့နီတိဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

စာရေးဆရာဦးတင်စိုး(နီတိအတွေး)သည် ၁.၉.၂၀၂၃ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)တွင် ပြည်သူ့နီတိဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲသို့ ဒုတိယကျောင်းအုပ်ကြီး၊ဌာနမှူးများ၊ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ဟောပြောပွဲအပြီးတွင် ဆရာကြီးက ကျောင်းသားကျောင်းသူများ နှင့် ပြန်လည်ဆွေးနွေးပြီး ကျောင်းသားကျောင်းသူများမှသိလိုသည်များမေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယ ဝန်ကြီး အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)သို့ လာရောက်ကြည့်ရှု စစ်ဆေး

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးသည် ၂၇.၈.၂၀၂၃ ရက်နေ့ တွင် အစိုးရနည်းပညာ ကောလိပ် (တောင်ဒဂုံ)သို့ လာရောက်၍ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံခဲ့ပါသည်။ ဒုတိယဝန်ကြီးအား အစည်းအဝေးခန်းမတွင် ကျောင်းအုပ် ကြီးမှ ကျောင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက် ဒုတိယ ဝန်ကြီးသည် ကျောင်းစာကြည့်တိုက်၊အလုပ်ရုံများနှင့် ကျောင်းသား/ကျောင်းသူ အဆောင်များ အားလှည့်လည်ကြည့်ရှုခဲ့ပြီး အဆောင်နေကျောင်းသားကျောင်းသူများနှင့်တွေ့ ဆုံခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ပထမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မိသားစု၏ ပထမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲ ကို ၂၈.၇.၂၀၂၃ ရက်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ဆရာဆရာမများ၊ ရုံးအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြသည်။ သံဃာတော်(၅)ပါးပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်ပြီး အလှူရှင်များက ဝါဆိုသင်္ကန်း များ ဆက်ကပ်လှူဒါန်းခဲကြပါသည်။ ကျောင်းရှိ ဝန်ထမ်းများ၊ ဆရာဆရာမများနှင့်...

World Youth Skills Day Project ပြိုင်ပွဲတွင် ပထမဆုကို Mechanical မှ ရရှိခဲ့

World Youth Skills Day Project ပြိုင်ပွဲကို နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ၂၄.၇.၂၀၂၃ ရက်နေ့မှ ၂၆.၇.၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ရာ Design and Fabrication of Scroll Saw Machine ခေါင်းစဉ်ဖြင့် Mechanical ဘာသာရပ် မှ...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင် ကျင်းပပြုလုပ်ခဲ့သော မိုးရာသီအားကစားပြိုင်ပွဲ များအနက် ဖူဆယ်ဘောလုံးပြိုင်ပွဲ(အမျိုးသား) ပွဲစဉ် ဗိုလ်လုပွဲအဖြစ် EP (A) အသင်း နှင့် MECH အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ MECH အသင်းက အနိုင်ရရှိခဲ့သည်။ ပထမဆုရရှိသည့် MECH အသင်းအား ကျောင်းအုပ်ကြီးမှ ပထမဆုဖလားချီးမြှင့်ခဲ့ပါသည်။ ဒုတိယကျောင်းအုပ်ကြီးမှ...

B.Tech(ပထမနှစ်)သင်တန်း ဒုတိယနှစ်ဝက်သင်တန်းများပြန်လည်ဖွင့်လှစ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech (ပထမနှစ်) သင်တန်းများ၏ ဒုတိယ နှစ်ဝက် သင်တန်းများအား ၁.၆.၂၀၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပါသည်။