မြို့ပြအင်ဂျင်နီယာဘာသာရပ်မှာ အခြေခံလူနေမှုအဆောက် အအုံများဖြစ်သော လမ်းတံတားများ၊ ရထားလမ်းများ၊ ရေကာတာများ၊ ဆည်မြောင်းတာတမံများ၊ ရေပေးဝေရေး စနစ်များ၊ ရေဆိုးမြောင်းများ၊ လူနေအဆောက်အဦးများ အတွက် ဒီဇိုင်းတွက်ချက်ခြင်း၊ ဆောက်လုပ်ခြင်း၊ ပတ်ဝန်းကျင်သဘာဝ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင် ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သော ဘာသာရပ်များအကြောင်းကို သင်ကြား သင်ယူရခြင်း ဖြစ်ပါသည်။
သင်တန်းတက်မြောက်ပြီးဆုံးပါက သက်ဆိုင်ရာ ပရောဂျက်များအတွက် မြေနေရာ၊ လမ်းကြောင်းရွေးချယ်ခြင်း (Surveying)၊ ကုန်ကျစရိတ် တွက်ချက်ခြင်း (Estimating) ၊ တည်ဆောက်ရာတွင် အလုပ်သမားများ စနစ် တကျဖြစ်စေရန် လမ်းညွှန်မှု ပေးနိုင်ခြင်း (Supervising in brick-laying, carpentry jobs and concrete works) စသည်တို့ကို ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ သင်ကြား ဖွင့်လှစ်ပါသည်။
သင်တန်းကာလ(၄)နှစ်
B.Tech(Civil)
ကျောင်းဝင်ခွင့်သတ်မှတ်ချက် တက္ကသိုလ်၀င်တန်း စာမေးပွဲအား ရူပဗေဒ၊ဓာတုဗေဒ၊ သင်္ချာ ဘာသာတွဲဖြင့် အောင်မြင်ရပါမည်။ လျှောက်ထားသူများ၏ ရမှတ်ပေါ်မူတည်၍ ရွေးချယ်ခြင်းဖြစ်ပါသည်။
မြို့ပြအင်ဂျင်နီယာ သင်တန်း ပြီးမြောက်ပါက Surveyors, Building Engineers, Construction managers, Estimators များအဖြစ် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နိုင်မည် ဖြစ်ပါသည်။
မြို့ပြအင်ဂျင်နီယာ သင်တန်း ပြီးမြောက်ပါက Surveyors, Building Engineers, Construction managers, Estimators များအဖြစ် လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင် နိုင်မည် ဖြစ်ပါသည်။
Civil Subjects
No. | Semester I | Semester II |
---|---|---|
1 | Myanmar | English for Communication II |
2 | English for Communication I | Social Science |
3 | Applied Physics I | Occupational Safety and Health |
4 | Applied Mathematics I | Applied Physics II |
5 | Applied Chemistry I | Applied Mathematics II |
6 | Engineering Mechanics | Applied Chemistry II |
7 | Basic Engineering Drawing | Engineering Mechanics |
No. | Semester 3 | Semester 4 |
---|---|---|
1 | Technical English | Professional English |
2 | Laws and Guidelines Relating to Technology | Ethics,Sustainable & Humanitarians |
3 | Applied Mathematics III | National Development Plan |
4 | Engineering Economics | Applied Mathematics IV |
5 | Introduction to ICT | Entrepreneurship Development and Project Management |
6 | Building Materials & Construction | Mechanics of Materials |
7 | Civil Engineering Drawing |
No. | Semester 4 | Semester 5 |
---|---|---|
1 | Applied Mathematics V | Applied Mathematics VI |
2 | Specialized Software Application | Construction Management |
3 | Civil Engineering Geology | Design of Concrete Structures |
4 | Surveying | Engineering Hydrology |
5 | Theory of Structures | Transportation Engineering |
6 | Fluid Mechanics | Environmental Engineering |
No. | Semester 7 | Semester 8 |
---|---|---|
1 | Concrete Technology | Elective I 1. Quality Control & Assurance 2. Design of Selected Structures |
2 | Estimating and Specifications | Elective II 1. Foundation Engineering 2. Railway & Airport Engineering |
3 | Design of Steel and Timber Structures | Elective III 1.Design of Hydraulics Structure 2. Water & Wastewater Treatment |
4 | Geotechnical Engineering | Final Project II (Individual Work) |
5 | Hydraulics | |
6 | Final Project(Group Work) |