Announcement

ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကို ကနဦးအစ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ဒဂုံ) အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ယခုအခါတွင် အင်ဂျင်နီယာ နည်းပညာ ဘွဲ့သင်တန်းများ ဖွင့်လှစ် နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပါသည်။