သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ၂၃.၁၂.၂၀၂၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)သို့လာရောက်ခဲ့ပါသည်။ အစည်းအဝေးခန်းမ တွင် ကျောင်းအုပ်ကြီးမှ ကျောင်းဆိုင်ရာအချက်အလက်အကျဉ်းချုပ်အား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ ကျောင်းအုပ်ကြီး၊ဌာနမှူးများနှင့်ဆရာဆရာမများ အား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာခန်းတွင် Auto CAD သင်ကြားနေမှုများ၊ စာသင်ခန်းတွင်စာသင်ကြားနေမှုများအားကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဖူဆယ်ကွင်း၊ကျောင်းသားဆောင်နှင့်အလုပ်ရုံတို့အား ကြည့်ရှုခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် စာအုပ်များနှင့် အားကစားပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ပါသည်။








Average Rating