၂၀၂၅ ခုနှစ်၊မိုးရာသီအားကစားပြိုင်ပွဲများအား အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင် ၂၁-၇-၂၀၂၅ ရက်နေ့မှ ၃၁-၇-၂၀၂၅ ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ ကြက်တောင်ရိုက်(ကျား၊မ)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲပြိုင်ပွဲ(ကျား၊မ) နှင့် ဖူဆယ် ပြိုင်ပွဲများအားကစားပြိုင်ပွဲများသို့ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ကြက်တောင်ရိုက်နှစ်ယောက်တွဲပြိုင်ပွဲ(ကျား)တွင် EP အသင်းမှ ပထမ၊ Civil အသင်းမှ ဒုတိယ၊ ကြက်တောင်ရိုက်နှစ်ယောက်တွဲပြိုင်ပွဲ(မ)တွင် Mech အသင်းမှ ပထမ၊ Civil အသင်းမှ ဒုတိယ၊ စာပွဲတင်တင်းနစ်ပြိုင်ပွဲတွင် EP မှ ပထမ၊ Mech မှ ဒုတိယ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် EP မှ ပထမ၊ Civil မှ ဒုတိယ၊ ဖူဆယ်ပြိုင်ပွဲတွင် Mech မှ ပထမနှင့် EP မှ ဒုတိယ အသီးသီး ရရှိခဲ့ကြပါသည်။ ဆုများအား အားကစားကော်မတီမှ ဆရာဆရာများ၊ဌာနမှူးများနှင့် ကျောင်းအုပ်ကြီး တို့မှ အသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။
Average Rating