ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီက အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၅)ကို ၈-၇-၂၀၂၅ ရက်နေ့ နေ့လည်(၁) နာရီ အချိန်တွင် Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဝင်းထွဋ်၊အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်၊စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်းမှ ကထိက ဦးအောင်ခိုင်၊ Myanmar Digital Economy Association (MDEA) အမှုဆောင် ဒါရိုက်တာဦးအောင်ကိုကိုဦးနှင့် Nex Bridge Golbal ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးသင်နောင်စိုးတို့က MSME ဆိုင်ရာ AI အသုံးပြုမှု၊ AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများနှင့် နည်းပညာဗဟုသုတများကို ဆွေးနွေးကြပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ ကျောင်းအုပ်ကြီး ဦးဇေယျာအောင်က ဆွေးနွေးပွဲကို ပံ့ပိုးဆောင်ရွက်ပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိဆက်သွယ်ရေးနည်းပညာသုတေသနဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကျောင်းသားများက သိလိုသည်များကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ (MDEA) အမှုဆောင် ဒါရိုက်တာ က Open Academy ၏ Cloud Computing သင်တန်းအတွက် Scholarship ပေးအပ်မည့် အစီအစဉ်ကို မိတ်ဆက်ပြောကြားပြီး ဒုတိယ ဝန်ကြီးက ဆွေးနွေးကြသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ကျောင်းသားများထံ IT နည်းပညာ၊သုတနှင့်ရသစာအုပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊အစိုးရနည်းပညာကောလိပ်များ၊အစိုးရစက်မှုလက်မှုသိပ္ပံများ၊အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊တောင်ဒဂုံ စက်မှုဇုန်(၆)ခုမှ ဇုန်ဥက္ကဌများ၊ MSME လုပ်ငန်းရှင်များ၊ကျောင်းသားမိဘများနှင့်ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
Average Rating