ရန်ကုန်တိုင်းဒေသကြီး/ဒဂုံမြို့သစ်ခရိုင်/ဒဂုံမြို့သစ်(တောင်ပိုင်း)
 တွင်စတင်ဖွင့်လှစ်မည့် 
စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)၌ 
ဖွင့်လှစ်သင်ကြားပေးမည့် 
စက်မှုဘာသာရပ်များ/သင်ကြားမှုအစီအစဥ်များ/ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များနှင့်
 GTHS အောင်မြင်သူများအတွက် ဆက်လက်တက်ရောက်နိုင်မည့် 
အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို 
ဧပြီလ(၂၄)ရက်နေ့ နေလည်ပိုင်းတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၌ 
ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီဌာန ပြည်ထောင်စု၀န်ကြီး၏ 
လမ်းညွှန်ချက်အရ 
သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန/နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
 ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးသွင်မှ ရှင်းလင်းပြောကြားခဲ့ပြီး 
တက်ရောက်လာသူများမှ  သိလိုသည်များမေးမြန်းချက်အပေါ်  
ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ 
ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ် 
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ် 
ပညာရေးမှူးများ/ကျောင်းအုပ်ကြီးများနှင့်ဆရာ/ဆရာမများ၊ကျောင်းကော်မတီ၀င်များနှင့်ကျောင်းသား/သူများ
 တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ 
 
 ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော 
ဌာနဆိုင်ရာတာ၀န်ရှိသူများသည် 
စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)ကျောင်းသို့ 
သွားရောက်ကြည့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။– 

 
                            
Average Rating