Announcement

Myanmar Central Power Plant (MCP) Company Limited မှ ကျောင်းသားကျောင်းသူများအားအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း

Myanmar Central Power Plant (MCP) Company Limited မှ ဆောင်ရွက်နေသော Hlawgar 50MW Natural Gas Engine Power Plant စက်ရုံနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းသားကျောင်းသူများအား အလုပ်အကိုင်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် လာရောက်ရှင်းလင်းပြောကြားခြင်းအား ၁၉-၈-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားအား ၁၈-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)စုဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မဟာဓမ္မရက္ခိတကျောင်းတိုက်မှ ဆရာတော်မှ တရားချီးမြှင့်ပေးခဲ့ပြီး ဆရာဆရာမများ၊ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများမှ ဝါဆိုသင်္ကန်းများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။။ အဆိုပါအခမ်းအနားသို့ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းအုပ်ကြီး၊ဌာနမှူးများ၊ဆရာဆရာမများ ၊ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူ များတက်ရောက်ခဲ့ကြပါသည်။