Announcement

ဒဂုံမြို့သစ်တောင်ပိုင်း ၊အမှတ်(၂)စက်မှုဇုန်ရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ SIP နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခြင်းနှင့် Survey ကောက်ယူခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ သည် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ်(၂)စက်မှုဇုန်ရှိလုပ်ငန်းရှင်များအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ (၂၆-၈-၂၀၂၅) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ TVET ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများပူးပေါင်းဆောင်ရွက်မှု(Schools and Industry Partnership-SIP) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား နားလည်သဘောပေါက် စေရေး ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ Survey Form ပါ ဖြည့်ရမည့်အချက်အလက်များနှင့်...

Myanmar Central Power Plant (MCP) Company Limited မှ ကျောင်းသားကျောင်းသူများအားအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း

Myanmar Central Power Plant (MCP) Company Limited မှ ဆောင်ရွက်နေသော Hlawgar 50MW Natural Gas Engine Power Plant စက်ရုံနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းသားကျောင်းသူများအား အလုပ်အကိုင်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် လာရောက်ရှင်းလင်းပြောကြားခြင်းအား ၁၉-၈-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားအား ၁၈-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)စုဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မဟာဓမ္မရက္ခိတကျောင်းတိုက်မှ ဆရာတော်မှ တရားချီးမြှင့်ပေးခဲ့ပြီး ဆရာဆရာမများ၊ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများမှ ဝါဆိုသင်္ကန်းများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။။ အဆိုပါအခမ်းအနားသို့ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းအုပ်ကြီး၊ဌာနမှူးများ၊ဆရာဆရာမများ ၊ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူ များတက်ရောက်ခဲ့ကြပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် School and Industrial Partnership-SIP (Regional Meeting)ကျင်းပခြင်း

School and Industrial Partnership- SIP ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စက်မှုဇုန်တွင် Survey ကောက်ယူထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအား (၇-၈-၂၀၂၅) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ TVET ကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြပါသည်။

မိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း

၂၀၂၅ ခုနှစ်၊မိုးရာသီအားကစားပြိုင်ပွဲများအား အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင် ၂၁-၇-၂၀၂၅ ရက်နေ့မှ ၃၁-၇-၂၀၂၅ ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ ကြက်တောင်ရိုက်(ကျား၊မ)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲပြိုင်ပွဲ(ကျား၊မ) နှင့် ဖူဆယ် ပြိုင်ပွဲများအားကစားပြိုင်ပွဲများသို့ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ကြက်တောင်ရိုက်နှစ်ယောက်တွဲပြိုင်ပွဲ(ကျား)တွင် EP အသင်းမှ ပထမ၊ Civil အသင်းမှ ဒုတိယ၊...