Announcement

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၌ AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီက အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၅)ကို ၈-၇-၂၀၂၅ ရက်နေ့ နေ့လည်(၁) နာရီ အချိန်တွင် Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဝင်းထွဋ်၊အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး...

၂၇.၆.၂၀၂၅ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပခဲ့သည့် လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ သွားရောက်လေ့လာကြခြင်း

၂၇.၆.၂၀၂၅ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပခဲ့သည့် လျှပ်စစ်သုံးယာဉ်နည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ဌာနမှူးများနှင့် EP နှင့် Mech မှ ကျောင်းသားကျောင်းသူများ သွားရောက်လေ့လာခဲ့ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးမှ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) သို့ လျှပ်စစ်သုံးယာဉ်အသုံးပြုသူများ သိရှိလိုက်နာသင့်သည့်ဘေးကင်းလုံခြုံရေးဆိုင်ရာ သိကောင်းစရာစာအုပ်စာစောင်များအားပေးအပ်ခဲ့ပါသည်။ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) မှ ဌာနမှူးများနှင့်ကျောင်းသားကျောင်းသူများမှလက်ခံရယူခဲ့ပါသည်။