Announcement

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားအား ၂၆-၆-၂၀၂၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင်ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးခြင်းများအား ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများမှ ဆောင်ရွက်ခဲ့ကြပါသည်။