Announcement

TVET Teacher Skills ပြိုင်ပွဲတွင် Mechanical ဌာနမှ ဒေါ်ဇွန်ဖြူမှ ပထမဆုရရှိခဲ့ခြင်း

ပဉ္စမအကြိမ်မြောက် TVET Teacher Skills ပြိုင်ပွဲကို ၂၆-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ရက်နေ့ထိ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊Mechanical ဌာနမှ ဒေါ်ဇွန်ဖြူ၊ ကထိကသည် Auto cad ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည် ။ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ဆုချီးမြှင့်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းသားကျောင်းသူများ ICT အသုံးပြုစာသင်ကြားနေမှု မှတ်တမ်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား (၇-၂-၂၀၂၅)ရက်နေ့က အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းမင်းအောင် က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးမှုများအား Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

Knowledge Sharing ပြုလုပ်ပေးခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် B.Tech(Third Year) ကျောင်းသားကျောင်းသူများအား ဆရာဦးမြင့်ဦး၊B.E(Civil), 1987 Rangoon Institute of Technology ,PE(Construction),Project Management Consultant, PSM Project Management Consultancy မှ အင်ဂျင်နီယာဆိုင်ရာအတွေ့အကြုံများနှင့်အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာ Knowledge Sharing ပြုလုပ်ပေးခြင်းအား ၁၆-၁၁-၂၀၂၄ ရက်နေ့...