Announcement

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အကြီးစား)စက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် Survey ကောက်ယူခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီးနှင့်ဌာနမှူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အကြီးစား)စက်မှုဇုန်မှ လုပ်ငန်းရှင်များအား စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး၌ (၂၄-၁၁-၂၀၂၅)ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ TVET ကျောင်းများနှင့် စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများပူးပေါင်းဆောင်ရွက်မှု (School and Industrial Partnership-SIP) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား နားလည်သဘောပေါက် စေရန် ရှင်းလင်းဆွေးနွေးခြင်း၊Survey Form ပါ ဖြည့်ရမည့်...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၌ AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီက အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် AI ကျင့်ဝတ်နှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(၁/၂၀၂၅)ကို ၈-၇-၂၀၂၅ ရက်နေ့ နေ့လည်(၁) နာရီ အချိန်တွင် Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဒေါက်တာအောင်ဝင်းထွဋ်၊အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech သင်တန်းများ၏ ၂၀၂၄-၂၀၂၅ စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ် Semester -II, ဒုတိယနှစ် Semester-III နှင့် တတိယနှစ် Semester-V အောင်စာရင်းများနှင့် Re-Exam ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများစာရင်းအား ၂၀.၄.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) သို့ Earth Tamura Electronic (Myanmar)Co.Ltd မှ HR Manager နှင့်အဖွဲ့လာရောက်တွေ့ဆုံ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) သို့ Earth Tamura Electronic (Myanmar)Co.Ltd မှ HR Manager နှင့်အဖွဲ့လာရောက်တွေ့ဆုံပြီး ကျောင်းပြီးသွားသူများ အလုပ်အကိုင်လိုအပ်ချက်ရှိပါသဖြင့် လာရောက်ဆက်သွယ်ခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့၏ ကုမ္ပဏီသို့ ကျောင်းသားများလာရောက်လေ့လာနိုင်ရန် ဖိတ်ကြားပါကြောင်းပြောကြားခဲ့ပါသည်။ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)အနေဖြင့်လတ်တလောတွင် B.Tech Third Year ထိသာသင်တန်းများရှိပြီး ကျောင်းပြီးသူများမရှိသေးပါကြောင်း၊ အခြား...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) နှင့် Myjob တို့ပူးပေါင်း၍ ပညာရေးဆိုင်ရာဟောပြောပွဲပြုလုပ်ရန်ဆွေးနွေးခဲ့ကြခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)နှင့် Myjob တို့ပူးပေါင်း၍ ကျောင်းသားများအတွက် ပညာရေးဆိုင်ရာဟောပြောပွဲပြုလုပ်ရန်အတွက် ၁၂.၅.၂၀၂၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)အစည်းအဝေးခန်းမတွင်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲသို့ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ဌာနမှူးများနှင့် Myjob မှတာဝန်ရှိသူတို့တက်ရောက်ခဲ့ကြပါသည်။

TVET Teacher Skills ပြိုင်ပွဲတွင် Mechanical ဌာနမှ ဒေါ်ဇွန်ဖြူမှ ပထမဆုရရှိခဲ့ခြင်း

ပဉ္စမအကြိမ်မြောက် TVET Teacher Skills ပြိုင်ပွဲကို ၂၆-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ရက်နေ့ထိ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊Mechanical ဌာနမှ ဒေါ်ဇွန်ဖြူ၊ ကထိကသည် Auto cad ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည် ။ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ဆုချီးမြှင့်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား (၇-၂-၂၀၂၅)ရက်နေ့က အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းမင်းအောင် က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးမှုများအား Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။