Announcement

Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်လေ့လာခြင်း

Electric Vehicle ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် Electric Vehicle ဆိုင်ရာ အန္တရာယ်ကင်း ရှင်းရေးအသိပညာပေးနှင့်နည်းပညာပြန့်ပွားရေးဟောပြောပွဲအခမ်းအနားကို အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ၂၀-၃-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီးတို့နှင့်အတူ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ပြီး လေ့လာခဲ့ကြပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ပထမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပူဇော်ပွဲကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မိသားစု၏ ပထမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲ ကို ၂၈.၇.၂၀၂၃ ရက်နေ့က ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ဆရာဆရာမများ၊ ရုံးအဖွဲ့ဝင်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက် ခဲ့ကြသည်။ သံဃာတော်(၅)ပါးပင့်ဖိတ်၍ နေ့ဆွမ်း ဆပ်ကပ်ပြီး အလှူရှင်များက ဝါဆိုသင်္ကန်း များ ဆက်ကပ်လှူဒါန်းခဲကြပါသည်။ ကျောင်းရှိ ဝန်ထမ်းများ၊ ဆရာဆရာမများနှင့်...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင် ကျင်းပပြုလုပ်ခဲ့သော မိုးရာသီအားကစားပြိုင်ပွဲ များအနက် ဖူဆယ်ဘောလုံးပြိုင်ပွဲ(အမျိုးသား) ပွဲစဉ် ဗိုလ်လုပွဲအဖြစ် EP (A) အသင်း နှင့် MECH အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ MECH အသင်းက အနိုင်ရရှိခဲ့သည်။ ပထမဆုရရှိသည့် MECH အသင်းအား ကျောင်းအုပ်ကြီးမှ ပထမဆုဖလားချီးမြှင့်ခဲ့ပါသည်။ ဒုတိယကျောင်းအုပ်ကြီးမှ...

မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech ပထမနှစ် သင်တန်းသို့တက်ရောက်ပညာသသင်ကြားလျှက်ရှိသော ကျောင်းသား/သူများဦးဆောင်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။