Announcement

AI နည်းပညာဆိုင်ရာ Knowledge Sharing နှင့် ကျွမ်းးကျင်မှုမြှင့်တင်ရေးသင်တန်းများအား ဦးစီးဌာနမှ Zoom Platform ဖြင့်ပြုလုပ်ခြင်း

AI နည်းပညာဆိုင်ရာ Knowledge Sharing နှင့် ကျွမ်းးကျင်မှုမြှင့်တင်ရေးသင်တန်းများအား ဦးစီးဌာနမှ Strategic AI :Applying AI for Innovation and Career Growth ခေါင်းစဉ်ဖြင့် Zoom Platform မှ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ B.Tech Third Year ကျောင်းသား ကျောင်းသူများအတွက် MyJobs Myanmar မှ အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပြောကြားခြင်းကျင်းပပြုလုပ်ခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)နှင့် MyJobs Myanmar တို့ပူးပေါင်း၍ B.Tech Third Year ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပြောကြားခြင်းအား ၁၈-၆-၂၀၂၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် MyJobs Myanmar မှ From Skills to Success ခေါင်းစဉ်နှင့် The Student Journey...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech သင်တန်းများ၏ ၂၀၂၄-၂၀၂၅ စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ် Semester -II, ဒုတိယနှစ် Semester-III နှင့် တတိယနှစ် Semester-V အောင်စာရင်းများနှင့် Re-Exam ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများစာရင်းအား ၂၀.၄.၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားပါသည်။

TVET Teacher Skills ပြိုင်ပွဲတွင် Mechanical ဌာနမှ ဒေါ်ဇွန်ဖြူမှ ပထမဆုရရှိခဲ့ခြင်း

ပဉ္စမအကြိမ်မြောက် TVET Teacher Skills ပြိုင်ပွဲကို ၂၆-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ရက်နေ့ထိ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၊Mechanical ဌာနမှ ဒေါ်ဇွန်ဖြူ၊ ကထိကသည် Auto cad ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည် ။ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ ဆုချီးမြှင့်ခဲ့ပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းသားကျောင်းသူများ ICT အသုံးပြုစာသင်ကြားနေမှု မှတ်တမ်းများ

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများ အား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲအား (၇-၂-၂၀၂၅)ရက်နေ့က အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ်(၂၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းမင်းအောင် က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးမှုများအား Power Point များဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဆရာဆရာများနှင့်ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ရှိ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအား Covid 19 ရောဂါ ကာကွယ်ဆေးများ လာရောကထိုးနှံပေးခြင်း

် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ရှိ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများအား သိမ်ကျောင်းကျန်းမာရေးဌာန(တောင်ဒဂုံ)မှ (16.12.2024) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် Covid 19 ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံပေးခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် B.Tech ပထမနှစ်သင်တန်းများအတွက် ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားအား (၁၂ .၁၂.၂၀၂၄)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူးများမှ ဘာသာရပ်အလိုက် သင်ကြားရမည့်သင်ခန်းစာများအား Power Point များနှင့် မိတ်ဆက်ခဲ့ကြပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်းအားထုတ်ပြန်ကြေညာထားပါသည်။ ၁၄.၁၁.၂၀၂၄ ရက်နေ့မှစ၍ ကျောင်းအပ်နှံမှုအား ပိတ်ရက်မရှိလက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၂၁.၁၁.၂၀၂၄ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။