Announcement

Myanmar Central Power Plant (MCP) Company Limited မှ ကျောင်းသားကျောင်းသူများအားအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း

Myanmar Central Power Plant (MCP) Company Limited မှ ဆောင်ရွက်နေသော Hlawgar 50MW Natural Gas Engine Power Plant စက်ရုံနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းသားကျောင်းသူများအား အလုပ်အကိုင်အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် လာရောက်ရှင်းလင်းပြောကြားခြင်းအား ၁၉-၈-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကျင်းပ

တတိယအကြိမ်မြောက်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအခမ်းအနားအား ၁၈-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)စုဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မဟာဓမ္မရက္ခိတကျောင်းတိုက်မှ ဆရာတော်မှ တရားချီးမြှင့်ပေးခဲ့ပြီး ဆရာဆရာမများ၊ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများမှ ဝါဆိုသင်္ကန်းများဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။။ အဆိုပါအခမ်းအနားသို့ အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းအုပ်ကြီး၊ဌာနမှူးများ၊ဆရာဆရာမများ ၊ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူ များတက်ရောက်ခဲ့ကြပါသည်။

AI နည်းပညာဆိုင်ရာ Knowledge Sharing နှင့် ကျွမ်းးကျင်မှုမြှင့်တင်ရေးသင်တန်းများအား ဦးစီးဌာနမှ Zoom Platform ဖြင့်ပြုလုပ်ခြင်း

AI နည်းပညာဆိုင်ရာ Knowledge Sharing နှင့် ကျွမ်းးကျင်မှုမြှင့်တင်ရေးသင်တန်းများအား ဦးစီးဌာနမှ Strategic AI :Applying AI for Innovation and Career Growth ခေါင်းစဉ်ဖြင့် Zoom Platform မှ ၁၉-၆-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ B.Tech Third Year ကျောင်းသား ကျောင်းသူများအတွက် MyJobs Myanmar မှ အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာဆွေးနွေးပြောကြားခြင်းကျင်းပပြုလုပ်ခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)နှင့် MyJobs Myanmar တို့ပူးပေါင်း၍ B.Tech Third Year ကျောင်းသားကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပြောကြားခြင်းအား ၁၈-၆-၂၀၂၅ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် MyJobs Myanmar မှ From Skills to Success ခေါင်းစဉ်နှင့် The Student Journey...

B.Tech တတိယနှစ် Civil ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ Presentation ပြုလုပ်ခြင်း

B.Tech တတိယနှစ် Civil ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ Presentation ပြုလုပ်ခြင်းအား အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) တွင်ပြုလုပ်ခဲ့သည်။ ကျောင်းသားကျောင်းသူများမှ Group တစ်ခုချင်းစီအလိုက် Power Point Presentation များပြုလုပ်ခဲ့ကြပါသည်။

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းသားကျောင်းသူများအား စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE) တွင် နွေရာသီInternship Training သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းသားကျောင်းသူများအား နွေရာသီတွင် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း(SITE) မှ နွေရာသီInternship Training သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။

သင်ထောက်ကူပစ္စည်းများအသုံးပြုနိုင်ရန် Training များပေးခြင်း

ဆရာဆရာမများအတွက် သင်ထောက်ကူပစ္စည်းများအသုံးပြု၍ သင်ကြားသင်ယူမှုပြုလုပ်နိုင်ရန် ကုမ္ပဏီများမှ လာရောက်၍ သင်ကြားပေးခဲ့ပါသည်။