B.Tech(ပထမနှစ်)သင်တန်း ဒုတိယနှစ်ဝက်သင်တန်းများပြန်လည်ဖွင့်လှစ်
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) B.Tech (ပထမနှစ်) သင်တန်းများ၏ ဒုတိယ နှစ်ဝက် သင်တန်းများအား ၁.၆.၂၀၂၃ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ပါသည်။
စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်နိုင်ရေးရှင်းလင်းဆွေးနွေးပွဲ
ရန်ကုန်တိုင်းဒေသကြီး/ဒဂုံမြို့သစ်ခရိုင်/ဒဂုံမြို့သစ်(တောင်ပိုင်း) တွင်စတင်ဖွင့်လှစ်မည့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)၌ ဖွင့်လှစ်သင်ကြားပေးမည့် စက်မှုဘာသာရပ်များ/သင်ကြားမှုအစီအစဥ်များ/ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များနှင့် GTHS အောင်မြင်သူများအတွက် ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ(၂၄)ရက်နေ့ နေလည်ပိုင်းတွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီဌာန ပြည်ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန/နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးသွင်မှ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းချက်အပေါ် ညွှန်ကြားရေးမှူးချုပ်မှ...
ပထမနှစ်ဝက်စာမေးပွဲအချိန်စာရင်းထုတ်ပြန်ကြေငြာခြင်း
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)၏ B.Tech ပထမနှစ်သင်တန်း၊ပထမနှစ်ဝက် စာမေးပွဲ အချိန်စာရင်းအားထုတ်ပြန်ကြေငြာခြင်း
မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပပြုလုပ်
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊B.Tech ပထမနှစ် သင်တန်းသို့တက်ရောက်ပညာသသင်ကြားလျှက်ရှိသော ကျောင်းသား/သူများဦးဆောင်ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျောင်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဘာသာရပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက်ရောက်ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား/သူများအား ဘာသာရပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလှုပ်ရှားမှုအား ဆရာ/ဆရာမများ/ဝန်ထမ်းများနှင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်းလုပ်အားပေးသူ(၂၀၀)ဦးအား ကျောင်းမှ နံနက်စာ မုန့်တီသုပ်များဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသော သင်တန်းများ
အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)ကျောင်းသည် လက်ရှိတွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလတွင် Bachelor of Technology ဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါသည်။ကျောင်းစတင်ဖွင့်လှစ်သည့်အချိန်တွင် Engineering Technologist သင်တန်း(၃)မျိုးဖြင့် စတင်ဖွင့်လှစ်သွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး လိုအပ်ချက်အရထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လက်ရှိတွင်ဖွင့်လှစ်ရန်လျာထားဆောင်ရွက်လျက်ရှိသောဘာသာရပ် (၃)မျိုးမှာ (၁)Civil Engineering (၂) Electrical Power Engineering...