Announcement

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အလတ်စား)စက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် Survey ကောက်ယူခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီးနှင့်ဌာနမှူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အလတ်စား)စက်မှုဇုန်မှ လုပ်ငန်းရှင်များအား စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံး၌ (၁၇-၉-၂၀၂၅)ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ TVET ကျောင်းများနှင့် စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများပူးပေါင်းဆောင်ရွက်မှု (School and Industrial Partnership-SIP) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား နားလည်သဘောပေါက် စေရန် ရှင်းလင်းဆွေးနွေးခြင်း၊Survey Form ပါ ဖြည့်ရမည့်...

ဒေသတွင်း SIP ဖြစ်မြောက်ရေးကော်မတီအဖွဲ့ သည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အသေးစား)စက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းနှင့် Survey ကောက်ယူခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) မှကျောင်းအုပ်ကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)မှ ကျောင်းအုပ်ကြီး၊ ရတနာဂဟေဆက်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နှင့် ဌာနမှူးများ သည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရွာသာကြီး(အသေးစား)စက်မှုဇုန်ရှိလုပ်ငန်းရှင်များအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ ( ၉ - ၉ - ၂၀၂၅) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ TVET ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများပူးပေါင်းဆောင်ရွက်မှု...

ဒဂုံမြို့သစ်တောင်ပိုင်း ၊အမှတ်(၂)စက်မှုဇုန်ရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ SIP နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခြင်းနှင့် Survey ကောက်ယူခြင်း

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)မှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ သည် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အမှတ်(၂)စက်မှုဇုန်ရှိလုပ်ငန်းရှင်များအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၌ (၂၆-၈-၂၀၂၅) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ TVET ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများပူးပေါင်းဆောင်ရွက်မှု(Schools and Industry Partnership-SIP) နှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား နားလည်သဘောပေါက် စေရေး ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ Survey Form ပါ ဖြည့်ရမည့်အချက်အလက်များနှင့်...

အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် School and Industrial Partnership-SIP (Regional Meeting)ကျင်းပခြင်း

School and Industrial Partnership- SIP ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စက်မှုဇုန်တွင် Survey ကောက်ယူထားရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲအား (၇-၈-၂၀၂၅) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ TVET ကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြပါသည်။

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖွင့်လှစ်နိုင်ရေးအချက်အလက်များကောက်ယူနိုင်ရေးအတွက် စက်မှုဇုံသို့သွားရောက်ကြခြင်း

ဒေသတွင်း SIP ကော်မတီဖြစ်မြောက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၉-၄-၂၀၂၅) ရက်နေ့တွင်အစိုးရနည်းပညာကောလိပ်(တောင်ဒဂုံ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ စက်မှုဇုံ(၅)ခုမှ စက်မှုဇုံဥက္ကဌနှင့်တာဝန်ရှိသူများ၊လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ School and Industry Partnership (SIP)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားနိုင်ရန်နှင့် စက်ရုံ၊အလုပ်ရုံများမှ လိုအပ်သော ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်။ (၁၉.၅.၂၀၂၅ )ရက်နေ့တွင် ကျောင်းအုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီး၊ရတနာဂဟေဆက်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး...